ကောဇာသက္ကရာဇ် ၁၃၇၀ ခုနှစ် ၀ါဆိုလဆန်း ၁၁ ရက်နေ့
ကျွန်တော်များ အင်္ဂါပတ် ၀ါတွင်း ဆွမ်းလောင်းအသင်း အနေနဲ့.. ၁၂-၇-၂၀၀၈ နေ့တွင် ဆရာတော် သံဃာတော်များကို ၀ါတွင်း (၃) လပတ်လုံး အင်္ဂါနေ့ နံက်တိုင်းတွင် အာရုံဆွမ်း လောင်းလှူနိုင်ရန် အတွက် ဆွမ်းလောင်းရန် နေရာ၊ ဆရာတော်များ ကြွရောက်ရန် လမ်းကို ၀ါတွင်းအင်္ဂါပတ် ဆွမ်းလောင်းအသင်းမှ လူအား၊ ငွေအား စိုက်ထုတ်ပြီး ပြင်ဆင်ခဲ့ပုံကို မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်..
မတည်ငွေအလှူရှင်များအနေနှင့်
၁။ ဦးစန်းမောင် + ဒေါ်ချင်းမ (ကော်ပြန့်စိမ်း) ဥဇ္ဇာနာ (၃) လမ်း။ ၂၀၀၀၀ ကျပ်
၂။ ဦးစန်းမောင် + ဒေါ်မြင့်ကြည် ဥဇ္ဇာနာ(၃) လမ်း။ ၂၀၀၀၀ ကျပ်
၃။ ဦးမောင်စန်း မိသားစု ဥဇ္ဇာနာ(၃) လမ်း။ ၅၀၀၀ ကျပ်
လမ်းကို ပထမအဆင့်အနေဖြင့် သဲများ ထု (၁) ပေ အမြင့်ဖြင့် ခင်းပြီး
လိုအပ်သော အုတ်ကျိုးများကို ဦးဝင်းလှိုင် + ဒေါ်ဝင်းကြည် မိသားစု (ဥဇ္ဇာနာ (၃) လမ်း) မှ လှူဒါန်းပြီး..
လုပ်အားဒါနပေးလှူခဲ့ကြသူများကို အအေးဒါန အဖြစ် ဒေါ်ကြည်အေး သမီး မသင်းသင်း မိသားစု
နှင့် ဒုတိယနေ့ အအေးဒါနအလှူရှင်အဖြစ် ရီလေး ဆန်ဆိုင်မှ လှူဒါန်းပါသည်။








